သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

20_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့တွင် နံနက် (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ မိုးမိတ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအုပ်စု ၊ အုန်းကြော (ရွာဟောင်း) ကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၂၀၀) ဦးခန့်တက်‌ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့‌ကြောင်း သတင်းရရှိပါသည်။

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_dec2019

Sign Up

Upcoming Events