သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပမှုသတင်း

20_pic_01
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် ဖာပွန်မြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရှိ ယွန်းစလင်းခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ် (ဆင့်ပွါး) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချူပ်ရေးမှူးမှသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ သင်တန်းသူ/သား များကိုယ်စား သင်တန်းသားမှ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့်သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်း အနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးတို့ဖြစ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#krn_dec2019

Sign Up

Upcoming Events