Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများတို့နှင့်အတူ သရက်ချောင်းမြို့နယ်၊ အမက(ပန်းတော)စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ သရုပ်ပြခြင်းများပြုလုပ်ခြင်းနှင့် တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019
-
ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr. Toshio Nishimura အား လက်ခံတွေ့ဆုံမှုသတင်း
ဒီဇင်ဘာလ ၁၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr.Toshio Nishimura ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများအား ပိုမိုထိရောက်စွာနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်မကြာသေးမီက နာဂိုယာဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းအား ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများ၊ နာဂိုယာမြောက်ပိုင်းဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် ကန်ပက်လက်မြို့၊ အ.ထ.က (ခွဲ) တွင် ကျောင်းသား/သူ (၁၀၀) ဦးနှင့် ကြက်ခြံအုပ်စု၊ ကြက်ခြံကျေးရွာ၌ ပြည်သူလူထုနှင့်ကျောင်းသား/သူ အင်အား (၄၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #chn_dec2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ (၁၉:၄၇) နာရီအချိန်တွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ မီးလောင်မှုကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၁၄,၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)၊ စုစုပေါင်း (၂၁၄,၇၀၀/-) ကျပ်တို့အား (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #krn_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်မှ (၁၄:၁၅)နာရီအချိန်အထိ ပင်လောင်းမြို့နယ် အထက(ခွဲ) နမ့်ဖာမူ၌ ကျောင်းသား/ သူ (၄၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း၌ (၇-၁၂-၂၀၁၉) ရက်နေ့နှင့် (၉-၁၂-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်း(၂၉၉,၄၀၀/-) ကျပ်တို့အား (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_dec2019
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြလေ့ကျင့်မှုပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ အ.ထ.က ကျောင်း၊ ဖိုလေးလုံးကျေးရွာ တွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄:၀၀) နာရီတွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်း စုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ ဒဏ်ရာရကျောင်းသား/သူများကို ရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား သတ်မှတ်ရာဆေးခန်းများသို့ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့မှ(၁၂-၁၂-၂၀၁၉)ရက်နေ့ထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမက(၁၅)ကျောင်း၌ (ADRA Myanmar)တို့ နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းကို ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီဝင် စုစုပေါင်း(၃၃)ဦးတို့ဖြစ် (၃)ရက် ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး မှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် (၅-၁၂-၂၀၁၉) နေ့တွင် ကမ်းပြိုဘေးသင့် အိမ်ခြေ(၁၂)လုံး၊ ၄င်းအိမ်ထောင်စု (၁၂) စုရှိ လူဦးရေ(၅၁) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၁၂၀,၀၀၀၀) ကျပ် ဆန်ရိက္ခာဖိုးငွေ(၁၀,၇၁၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံ ငွေ(၁,၃၀၇,၁၀၀)ကျပ်ကို (၁၀-၁၂-၂၀၁၉) ရက်နေ့၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်၀ယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာတွင် ပြည်သူလူထု (၁၂၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့်ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec 2019









