Category Archives: News
-
ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(CBDRM)ဖွင့်လှစ်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျင်းပပြုလုပ်သည့် “ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၂ /၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၂၂-၁၂-၂၀၁၉) ရက်နေ့(၀၉:၀၀)နာရီအချိန်၌ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာ အထက(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦးဖြင့် (၂၂-၁၂-၂၀၁၉) ရက်နေ့မှ(၂၄-၁၂-၂၀၁၉)ရက်နေ့အထိ သင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငှက်ပေါက်ကျေးရွာအုပ်စု၊ ငှက်ပေါက်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) နှင့် Korea Disabled People’s Development Institute တို့အကြား သဘောတူပူးပေါင်းဆောင်ရွက်ခြင်းစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ကော်ဖီ၊ မုန့်ဖုတ်သင်တန်းများ ပြီးမြောက်သွားသော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနားကျင်းပ
ဒီဇင်ဘာ ၂၀ ၊ နေပြည်တော် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် Korea Disabled People’s Development Institute (KODDI)တို့အကြား သဘောတူပူးပေါင်းဆောင်ရွက်ခြင်းအတွက် လက်မှတ်ရေးထိုးပွဲ၊ ကော်ဖီနှင့် မုန့်ဖုတ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်ကောင်စီဝင် (၂)၊ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ … Read more
-
အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့တွင် ထား၀ယ်မြို့နယ်၊ တလိုင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်သူလူထု (၇၀)ဦး တက်ရောက်ခဲ့ ပါကြောင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2019 Source: တနင်္သာရီတိုင်းဒေသကြီးဉီးစီးမှူးရုံး
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်၄ခုစေတီပြင်ကျေးရွာ၊ ပြားချောင်းကြီးကျေးရွာ၊ သိန်တောင် ကျေးရွာနှင့်အရှေ့မြောက်ရပ်ကွက်သို့ (၁၆.၁၂.၂၀၁၉)ရက် ထပ်တိုးရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ(၃၉၇)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၅၇)အိတ် (၂၁)ပြည်(၄)ဘူးအား (၂၀.၁၂.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သင်တန်းဆင်းပွဲကျင်းပခြင်း
လူမူဝန်ထမ်း၊ကယ်ဆယ်ရေးပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဦးစီး၍ အင်္ဂပူမြို့ဦးစီးမှူးရုံး မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို (၁၈. ၁၂.၂၀၁၉)ရက်နေ့မှ (၂၀.၁၂.၂၀၁၉)ရက်နေ့ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတို့မှ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်သူလူထုအား ဌာန၏လုပ်ငန်းဆောင်တာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအား ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကျောက်မောကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား နံနက် (၁၁:၀၀)နာရီမှ မွန်းတည့် (၁၂:၀၀)နာရီအထိ ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအားအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်အန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ (၂၀-၁၂-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ အထက(၂)၌ ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနl လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၁၂.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ရပ်ကွက်(၄)၊ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမှ၌ ရပ်ကွက်သူ/ရပ်ကွက်သား (၇၀)ဦးခန့်အား မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေး အသိပညာပေး ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် တက်ရောက်လာသူများမှ မေးမြန်းချက်များကိုဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ ဖွင့်လှစ်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (၂/၂၀၁၉)အား သင်တန်းသား/သူ(၅၀)ဦးဖြင့် (၁၆-၁၂-၂၀၁၉)ရက်နေ့မှ (၂၀-၁၂-၂၀၁၉))ရက်နေ့ထိ( ၅)ရက်သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2019 Source: ေနပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)









