တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

 

21_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်၄ခုစေတီပြင်ကျေးရွာ၊ ပြားချောင်းကြီးကျေးရွာ၊ သိန်တောင် ကျေးရွာနှင့်အရှေ့မြောက်ရပ်ကွက်သို့ (၁၆.၁၂.၂၀၁၉)ရက် ထပ်တိုးရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ(၃၉၇)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၅၇)အိတ် (၂၁)ပြည်(၄)ဘူးအား (၂၀.၁၂.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#otr

#rke_dec2019

Source:                   ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events