လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ (၂၀-၁၂-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ အထက(၂)၌ ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_dec2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)