လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကျောက်မောကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား နံနက် (၁၁:၀၀)နာရီမှ မွန်းတည့် (၁၂:၀၀)နာရီအထိ ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအားအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2019
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)