Category Archives: News
-
အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အသိပညာ ဗဟုသုတများ သိရှိနားလည်သဘောပေါက်စေရန်အတွက် စစ်တွေမြို့၊ လောကနန္ဒာ ဘုရား ရှေ့၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #rke_dec2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၉)ရက်နေ့တွင် မင်းဘူးမြို့၊ မြို့မဈေးအရှေ့ဘက် ကံ့ကော်လမ်းတောင့်တွင် ငလျင်ဘေးအသိပညာပေးဆိုင်းဘုတ်အားစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec 2019
-
မီးဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ အုပ်စု၊ ဆားကျင်းကျေးရွာ၌ (၂၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံဝပျက်စီး လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၃၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ( ၂၉,၄၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၉,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း ( … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ စျေးတောင်ရပ်ကွတ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ရှမ်းကုန်းကျေးရွာနှင့် နတ်မော်ကျေးရွာတို့တွင် ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၅၄)စုမှ ကျား(၃၄၃)ဦး၊ မ(၃၇၅)ဦး၊ စုစုပေါင်း(၇၃၁)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၁၀၆)အိတ်၊ (၁၄)ပြည်၊ (၄)ဘူး တန်ဖိုးငွေ(၃၀၇၀၂၀၀/-) အား(၃၀-၁၂-၂၀၁၉)ရက်နေ့တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec 2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၃-၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရန်ကုန်-ကျောက်ဖြူလမ်းနှင့် ရုံးတက်လမ်းထောင့်အဝိုင်းလမ်းဆုံတွင် မုန်တိုင်းအသိပညာပေးဆိုင်းဘုတ်နှင့် ဦးဥတ္တမလမ်းနှင့် ဈေးလမ်းတောင့်တွင် မီးဘေးအသိပညာပေးဆိုင်းဘုတ်အားစိုက်ထူခဲ့ပြီး၊ ကျောက်ဖြူမြို့၊ ပြည်သူ့ဆေးရုံကြီးအနီး၊ ခရစ်ယာန်ကျောင်းရှေ့ ဗီနိုင်းပိုစတာနေရာတွင် မီးဘေးအသိ ပညာပေးပိုစတာအားလှဲလှယ်တပ်ဆင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec 2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းရှိ ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၂၁)၊ လူဦးရေ(၄၃၇) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန်(၆၃) အိတ်၊ (၁၇) ပြည်၊ (၄) ဘူးတို့အား (၃၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ သဘာဝဘေးအသိပညာပေး (၆×၉)ပေ ဗီနိုင်းပိုစတာအား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar # tny_dec 2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြား
********************************************************* *************************** ဒီဇင်ဘာ၊၂၉၊ရန်ကုန် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မီလီ)ကဦးဆောင်၍ ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ (၁) ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌဦးဝင်းမြ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး၊ … Read more
-
ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း (၃/ ၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၂၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:ဝဝ) နာရီအချိန်၌ ပုသိမ်ခရိုင်၊ ကန်ကြီးထာင့်မြို့နယ်၊ ရှမ်းရွာကျေးရွာ၊ ရှမ်းရွာကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူကတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၅) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်၌ (၂၄-၁၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး အိမ်ထောင်စု(၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၂၉-၁၂-၂၀၁၉) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_dec2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









