ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့့်ပွဲအခမ်းအနားကျင်းပမှုသတင်း

 

29_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း (၃/ ၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၂၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:ဝဝ) နာရီအချိန်၌ ပုသိမ်ခရိုင်၊ ကန်ကြီးထာင့်မြို့နယ်၊ ရှမ်းရွာကျေးရွာ၊ ရှမ်းရွာကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူကတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား/ သူ (၃၀) ဦးဖြင့် (၂၉-၁၂-၂၀၁၉) ရက်နေ့မှ (၃၁-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_dec2019

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Sign Up

Upcoming Events