Category Archives: News
-
မိုင်းထိပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ စိန်လုံကျေးရွာအုပ်စု၊ မရူကျေးရွာ၌ (၁၆-၁-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီ အချိန်တွင် ဟင်းသီးဟင်းရွက်ရှာဖွေရန်သွားရာမှ မိုင်းနင်းမိပေါက်ကွဲခဲ့ရာ (၁)ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထိုမိုင်းနင်းမိသေဆုံး (၁) ဦးအတွက်(၃၀၀,၀၀၀)နှင့် ဒဏ်ရာရသူ (၂)ဦး အတွက် (၁) ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ (၄၀၀,၀၀၀) ကျပ် တို့ကို … Read more
-
ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီ အဖွဲ့ဝင် များပူးပေါင်း၍ (၁၇-၁-၂၀၂၀) ရက်နေ့တွင် မကွေးမြို့ ဆားစည့်ရပ်ကွက်၊ အထက (ခွဲ)၊ ဆားစည့်ကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကိုပြုလုပ် ခဲ့ရာ ကျောင်းသား/ ကျောင်းသူများနှင့်ဆရာ/ဆရာမများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #simex_aqk #mgy_jan2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ စလူချောင်းကျေးရွာအုပ်စု၊ စလူချောင်းကျေးရွာ၌ (၁၅-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၁၇-၁-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ရွှေကျင်မြို့နယ် ထွေ/အုပ်ရုံး၌ … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌန၊ ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၂၀)ရက်နေ့၌ ဝေါမြို့နယ်၊ နောင်ပတ္တရာကျေးရွာအုပ်စု၊ နောင်ပတ္တရာကျေးရွာတွင် ဖြစ် ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ သေဆုံးသူ(၂) ဉီးအတွက် သေဆုံးထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်၊ လူဉီးရေ(၂) ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀)ကျပ်နှင့် စုစုပေါင်း ထောက်ပံ့ငွေ (၇၀၄,၂၀၀) ကျပ်တို့ကို (၁၇-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_jan2020 Source: ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)
-
ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၇ – ၁ -၂၀၂၀ ) ရက်နေ့တွင် ( ၂၀၁၉ – ၂၀၂၀ ) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေလုံး ငွေရင်းရန်ပုံငွေြဖင့် ကချင်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးဝင်းအတွင်း တည်ဆောက်သော သိုလှောင်ရုံဆောက်လုပ်ခြင်းအတွက် ( ၀၈ : ၁၅ ) အချိန်၌လည်းကောင်း ၊ လေးပွင့်ဆိုင် (၄) ခန်းတွဲ(RCC) ၊ (၂ )ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန်အတွက် ( … Read more
-
မီးဘေးအသိပညာပေး ဆိုင်းဘုတ်လဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၆ – ၁ – ၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့၊ မြို့မရဲစခန်းရှေ့ရှိ ရေဘေးအသိပညာပေးဗီနိုင်းဆိုင်း ဘုတ်အား မီးဘေးအသိပညာပေးဗီနိုင်းဖြင့် လဲလှယ်တပ်ဆင်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #mdy_jan2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသုများသည် (၁၆-၁-၂၀၂၀) ရက် နေ့တွင်ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဗီနိုင်း ပိုစတာကိုစိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သန်လျင်လူငယ်သင်တန်းကျောင်းရှိ ကာကွယ်စောင့်ရှောက်ခံ ကလေးသူငယ်နှင့် လူငယ်များအား တွေ့ဆုံအားပေး
ဇန်နဝါရီ ၁၆၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက သန်လျင်မြို့၊ လူငယ်သင်တန်းကျောင်းသို့ သွားရောက် ပြီး သင်တန်းကျောင်းအဆောက်အဦများ တိုးချဲ့ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် သင်တန်းကျောင်းရှိ ကာကွယ်စောင့်ရှောက်ခံ ကလေးသူငယ်များ၊ လူငယ်များနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကာ လူငယ်များအားလုံခြုံစွာစောင့်ရှောက်နိုင်ရေးအတွက် (၄)ထပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်နေမှုကိုကြည့်ရှုပြီး လုပ်ငန်းများ စောလျင်စွာပြီးစီးရေးအတွက် တာဝန်ရှိသူများနှင့် … Read more
-
သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကြံ့ကြံ့ခံနိုင်မှုလုပ်ငန်းများအတွက် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် VSO အဖွဲ့အစည်းနှင့် ပူးပေါင်း၍ (၁၆-၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကြံ့ကြံ့ခံနိုင်မှု လုပ်ငန်းများအတွက် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် (၁၄-၁-၂၀၂၀) ရက်နေ့တွင် ဝိဘဇ္ဇဝါဒီ(ပရဟိတ)ကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိ ယာယီခိုလှုံ နေထိုင် လျက်ရှိသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၅၈,၈၀၀/-) ကျပ်တို့အား (၁၆-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020









