ဇန်နဝါရီ ၁၆၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက သန်လျင်မြို့၊ လူငယ်သင်တန်းကျောင်းသို့ သွားရောက် ပြီး သင်တန်းကျောင်းအဆောက်အဦများ တိုးချဲ့ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် သင်တန်းကျောင်းရှိ ကာကွယ်စောင့်ရှောက်ခံ ကလေးသူငယ်များ၊ လူငယ်များနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကာ လူငယ်များအားလုံခြုံစွာစောင့်ရှောက်နိုင်ရေးအတွက် (၄)ထပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်နေမှုကိုကြည့်ရှုပြီး လုပ်ငန်းများ စောလျင်စွာပြီးစီးရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် လူငယ်သင်တန်းကျောင်း ကျောင်းအုပ်က အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိလာကြသော ကလေးသူငယ်နှင့် လူငယ်များအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအရ ကာကွယ်စောင့်ရှောက်လျက်ရှိသည့် အခြေအနေများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပြုစုလေ့ကျင့်ပေးသည့် အခြေအနေများ၊ လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးနှင့် မိဘ၊ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရေး ချိတ်ဆက်ဆောင်ရွက်ပေးသည့်အခြေအနေများ၊ သင်တန်းကျောင်းတွင် နေထိုင်စဉ် ကာလအတွင်း ထူခြားအခြေအနေဖြစ်ပေါ်သော ကလေးများအား တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးမှုများ ဆောင်ရွက်ပေးခြင်း၊ သတ်မှတ်ရက်များအတိုင်း မိဘ၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ပေးခြင်း၊ စိတ်ခွန် အားမြင့်မားစေရေး အသိပညာပေး ဟောပြောပွဲများနှင့် ယဉ်ကျေးလိမ္မာသင်တန်းများစီစဉ်ပေးခြင်း၊ အခါအားလျော်စွာ ပြင်ပလေ့လာရေးခရီးများ စီစဉ်ပေးခြင်း ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားပါက သက်ဆိုင်ရာကျန်းမာရေးဌာနများဖြင့် ချိတ်ဆက်ကုသပေးခြင်း၊ ကျောင်းပညာဆက်လက် သင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားလေ့ကျင့်ပေးသည့် အခြေအနေများ၊ အစောင့် ရှောက်ခံကလေးသူငယ်နှင့်လူငယ်များအတွက် နေရာထိုင်ခင်း လုံလောက်မှုမရှိသည့်အခြေအနေ၊ ဝန်ထမ်းဦးရေ ပိုမိုလိုအပ်လျက်ရှိသည့် အခြေအနေများနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းရှိ ကလေးသူငယ်နှင့် လူငယ်များ အား တွေ့ဆုံ၍ ကလေးသူငယ်များတွင်ရရှိရမည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များကို ရှင်းလင်းပြောကြားပြီးမူးယစ်ဆေးဝါး၏အန္တရာယ်နှင့် မူးယစ်ဆေးသုံးမိသူများဆေးစွဲသူများဘဝသို့ မရှောက်ရှိစေရန် ၊ မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ပြီး မူးယစ်သံသရာမှ လွတ်မြောက် စေရန်၊ကျူးလွန်မိသော အပြစ်များ၊ လွဲမှားခဲ့ဖူးသောကိစ္စများကို အသိတရားဖြင့် မိမိကိုယ်ကို မိမိ ပြုပြင်နိုင်ပြီး အဆိုးကျော့သံသရာမှလွတ်မြောက်ပြီး မိမိတို့၏ မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့် လူမှုပတ်ဝန်းကျင်သို့ ပိုမိုကောင်းမွန်သော အခြေအနေများဖြင့် ပြန်လည် ဝင်ဆံ့နိုင်ရန် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ အစိုးရက အနာဂါတ်၏ မျိုးဆက်သစ်ကလေး သူငယ် များနှင့် လူငယ်များကို ကောင်းမွန်သော လက်ဆင့်ကမ်းအမေွများပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်လူငယ်သင်တန်းကျောင်းသည် ၂၀၁၂ ခုနှစ်မှစ၍ ကလေးသူငယ်နှင့် လူငယ်သင်တန်းသားများကို လက်ခံ၍ ပျိုးထောင်ကာကွယ် စောင့်ရှောက် ပေးလျက်ရှိရာတွင်ဦးရေ (၁၅၀) ဆံ့ အဆောက်အဦသာရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေထွက်ရှိပြီးနောက် ကလေးသူငယ်၏ အသက်ကို (၁၈)နှစ်အောက်အဖြစ် သတ်မှတ်ခဲ့ရာ လက်ခံစောင့်ရှောက်ပေးရမည့်ဦးရေ ပိုမိုများပြားလာခဲ့ကြောင်း၊ လိုအပ်သော နေရာအကျယ်အဝန်း ရှိသည့် အဆောက်အဦအသစ်ကို ဝန်ကြီးဌာနကဆောက်လုပ်ပေးလျက်ရှိပြီး သတ်မှတ်ချိန်အတိုင်း စံချိန် စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိတွင် သန်လျင် လူငယ် သင်တန်းကျောင်း၌ ကာကွယ်စောင့်ရှောက်ထားသော ကလေးသူငယ်နှင့် လူငယ်ဦးရေ (၅၀၂) ဦးရှိ ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#ygn_jan2020