လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၇ – ၁ -၂၀၂၀ ) ရက်နေ့တွင် ( ၂၀၁၉ – ၂၀၂၀ ) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေလုံး ငွေရင်းရန်ပုံငွေြဖင့် ကချင်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးဝင်းအတွင်း တည်ဆောက်သော သိုလှောင်ရုံဆောက်လုပ်ခြင်းအတွက် ( ၀၈ : ၁၅ ) အချိန်၌လည်းကောင်း ၊ လေးပွင့်ဆိုင် (၄) ခန်းတွဲ(RCC) ၊ (၂ )ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန်အတွက် ( ၀၈ : ၃၀ ) အချိန်၌လည်းကောင်း၊ ပန္နက်တင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၂) ခုမှ တာဝန်ရှိသူများတက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖွင့် လှစ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါ သည်။
#kcn_jan2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)