
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ စိန်လုံကျေးရွာအုပ်စု၊ မရူကျေးရွာ၌ (၁၆-၁-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီ အချိန်တွင် ဟင်းသီးဟင်းရွက်ရှာဖွေရန်သွားရာမှ မိုင်းနင်းမိပေါက်ကွဲခဲ့ရာ (၁)ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထိုမိုင်းနင်းမိသေဆုံး (၁) ဦးအတွက်(၃၀၀,၀၀၀)နှင့် ဒဏ်ရာရသူ (၂)ဦး အတွက် (၁) ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ (၄၀၀,၀၀၀) ကျပ် တို့ကို (၁၇-၁-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)