Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ကတိုးကျေးရွာ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ နှစ်ဆယ့်တစ်ရက်နေ့၊ (၁၁:ဝဝ) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၉ : ၀၀ ) နာရီမှ ( ၁၀ : ၃၀ ) နာရီအထိ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူကျောင်းသား (၂၉၀) ဦးအား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်ဆိုင်သော အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2020 … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကျေးရွာ ဦးဝင်းကြည်တဲတိုက်၊ အောင်ချမ်းသာကွက်သစ်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့မှ အိမ်ခြေ (၁၁၃) လုံး၊ အိမ်ထောင်စု (၁၂၈) စု၊ လူဦးရေ (၆၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၁-၁-၂၀၂၀) ရက်နေ့ (၁၀ : ၃၀) နာရီအချိန်တွင် တဲတိုက်များအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ … Read more
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အသစ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်ပိုစတာများအား ပျဉ်းမနားမြို့၊ အမှတ် (၁) ဈေးအရှေ့ဘက် Transformer အရှေ့ဘက်မျက်နှာစာ အနီး၊ ပျဉ်းမနားမြို့၊ ယုဇနဈေးကားပါကင်အနီး၊ လယ်ဝေးမြို့၊ ဈေးအရှေ့ဘက်ပျံကျ ဈေးပတ်လမ်းတို့တွင် (၂၀-၁-၂၀၂၀) ရက်နေ့တွင် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀) ရက် နေ့ (၁၃:၀၅) နာရီချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အိမ်အမှတ်(၇၂၅)ရှိ ပိုင်ရှင် ဦးတိုးရီ၏ နေအိမ်တွင် ဝါယာရှော့မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁) စုမှ လူဦးရေ (၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၂၀၆,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ (၁၆-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၈,၀၀၀/-)ကျပ်၊ ဆန်ရိက္ခဖိုးငွေ(၇)ရက်စာ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်း (၈၆,၄၀၀/-)ကျပ်တို့အား (၂၀-၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မော်လမြိုင် ကျွန်း မြို့နယ် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ နောင်အန်းကျေးရွာအနီး၌ လက်နက်ငယ်ထိမှန်၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၀-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_jan2020
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ပအဖွဲ့အစည်းများအားလက်ခံတွေ့ဆုံ
ဇန်နဝါရီ ၂၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Community and Family Services International(CFSI) နှင့် အပြည်ပြည် ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HelpAge International (Myanmar)) အဖွဲ့အစည်းများက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။ Community and Services International(CFSI)နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် CFSI အဖွဲ့အစည်း တို့ ပူးပေါင်း၍ လူမှုဝန်ထမ်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ထိရောက်စွာ … Read more
-
မိုင်းထိပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်း ပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်အုပ်စု၊ ဆင်သေပြင်ကျေးရွာမှ မိုင်းထိပြည်သူ(၁) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ( ၅၀၀၀ဝိ/-) ကျပ် အား (၂၀ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jan2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် အောင်ပ(ဘင်္ဂါလီ)ကျေးရွာ၊ ဖိုးခေါင်ချောင်း (ဘင်္ဂါလီ)ကျေးရွာ၊ ခွဆုံ(ဘင်္ဂါလီ)ကျေးရွာ၊ စုရပ်စခန်း (၃) ခုတွင် ရိက္ခာထပ်မံလိုအပ် လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၃၁) စု၊ လူဦးရေ (၆၃၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၁၉၈) အိတ်၊ (၁၀) ပြည်၊ (၄) ဘူးအား (၂၀ – ၁ – ၂၀၂၀ … Read more









