လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်ပိုစတာများအား ပျဉ်းမနားမြို့၊ အမှတ် (၁) ဈေးအရှေ့ဘက် Transformer အရှေ့ဘက်မျက်နှာစာ အနီး၊ ပျဉ်းမနားမြို့၊ ယုဇနဈေးကားပါကင်အနီး၊ လယ်ဝေးမြို့၊ ဈေးအရှေ့ဘက်ပျံကျ ဈေးပတ်လမ်းတို့တွင် (၂၀-၁-၂၀၂၀) ရက်နေ့တွင် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ar
#npw_jan2020