တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

 

20 _ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် အောင်ပ(ဘင်္ဂါလီ)ကျေးရွာ၊ ဖိုးခေါင်ချောင်း (ဘင်္ဂါလီ)ကျေးရွာ၊ ခွဆုံ(ဘင်္ဂါလီ)ကျေးရွာ၊ စုရပ်စခန်း (၃) ခုတွင် ရိက္ခာထပ်မံလိုအပ် လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၃၁) စု၊ လူဦးရေ (၆၃၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၁၉၈) အိတ်၊ (၁၀) ပြည်၊ (၄) ဘူးအား (၂၀ – ၁ – ၂၀၂၀ )ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_otr

#rke_jan2020

Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events