Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့၊ (၁၄:၃၀) နာရီ မှ (၁၅:၃၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်း ကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲ ခြောက်နှင့် သကြားလုံးများ ပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်း(၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့ နေ့လယ်(၁၅း၀၀)အချိန်မှ(၁၆း၀၀)အချိန်ထိ မင်းပြင်ကျေးရွာ၊ (အထက) ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူ(၁၃၀)ဦးခန့်အား လည်းကောင်း၊ နေ့လည်(၁၅း၀၀)အချိန်မှ (၁၆း၀၀)အချိန်ထိ ကျောက်ဖြူမြို့၊ (အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း) ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၉၀)ဦးခန့်အားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ဆရာ/ဆရာများနှင့်ကျောင်းသား/ကျောင်းသူ (၂၂၀)ဦးခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_feb 2020
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၉-၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ စဥ်းအိုးလှကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၁၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၁) အိမ်ထောင်စာအား (၁၃-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန် တွင်ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ … Read more
-
မိုးကြိုးဘေးဗီနိုင်းဆိုင်းဘုတ်အား လဲလှယ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂.-၂၀၂၀)ရက်နေ့၊ နံနက် (၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ စာရေးကုန်းရပ်ကွက်၊ ရွှေခယ်သီရိခန်းမရှေ့၌ မိုးကြိုး ဘေးဗီနိုင်းဆိုင်းဘုတ်အား လဲလှယ်စိုက်ထူပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_feb2020
-
School Cum Shelter တည်ဆောက်မှုအခြေအနေအား ကွင်းဆင်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရှော်နီကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော Trust & Gain Co. Ltd ၏ School Cum Shelter တည်ဆောက်ခြင်း (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား လပွတ္တာမြို့နယ်မြို့နယ်၊ တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင် များနှင့်အတူ (၁၃-၂-၂၀၂၀)ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_feb 2020
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲကျင်းမှုသတင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့ စိတ်ဓါတ် ပိုမိုရရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ စည်ကား သိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းမိသားစုများ ပါဝင်သည့် ပြိုင်ပွဲဝင် အဖွဲ့(၄)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့က တက်ရောက်အားပေးစကားပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #hl1– … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀)ရက်နေ့၊ (၁၃း၀၀)အချိန်တွင် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ၀မ်အွန်ကျေးရွာအုပ်စု၊ အင်၀မ်မတ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၆၀)အတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀၀/-)ကျပ်နှင့်လူဦးရေ(၃၆၃)ဦးအတွက်ဆန်ရိက္ခာ(၇) ရက်စာ ဖိုးထောက်ပံ့ငွေ(၇၆၂၃၀၀/-)ကျပ် စုစုပေါင်း (၆၇၆၂၃၀၀/-)ကျပ်အား (၁၃-၂-၂၀၂၀)ရက်နေ့ နံနက်(၀၉း၀၀)တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_feb 2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်မှ (၁၄:၃၀)အချိန်အထိ ပျဉ်းမနားမြို့နယ်၊ သကြားစက် (အ.ထ.က) စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_feb 2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ (၁၃-၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်တွင် ဆရာ၊ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၄၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီချိန်မှ(၁၅:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ကနိုင်ကုန်းကျေးရွာရှိ အမက (မူလွန်)ကျောင်းမှ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၂၀)ဦးတို့အား ဦးစီးဌာန ၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာပေးဟောပြောခဲ့ပြီး သရုပ်ပြဆောင်ရွက်စေ ခြင်းများလည်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့် ဝေခြင်းနှင့် တက်ရောက်လာကြသူများအတွက် ခေါက်ဆွဲခြောက်များကိုလည်း ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ကော့ခရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more









