သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

13_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီချိန်မှ(၁၅:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ကနိုင်ကုန်းကျေးရွာရှိ အမက (မူလွန်)ကျောင်းမှ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၂၀)ဦးတို့အား ဦးစီးဌာန ၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာပေးဟောပြောခဲ့ပြီး သရုပ်ပြဆောင်ရွက်စေ ခြင်းများလည်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့် ဝေခြင်းနှင့် တက်ရောက်လာကြသူများအတွက် ခေါက်ဆွဲခြောက်များကိုလည်း ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကော့ခရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#krn_feb2020

Sign Up

Upcoming Events