မီးဘေးသင့်ပြည်သူအားထောက်ပံ့ပေးအပ်မှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၉-၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ စဥ်းအိုးလှကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၁၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၁) အိမ်ထောင်စာအား (၁၃-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန် တွင်ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#bgo_feb2020

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events