လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့ နေ့လယ်(၁၅း၀၀)အချိန်မှ(၁၆း၀၀)အချိန်ထိ မင်းပြင်ကျေးရွာ၊ (အထက) ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူ(၁၃၀)ဦးခန့်အား လည်းကောင်း၊ နေ့လည်(၁၅း၀၀)အချိန်မှ (၁၆း၀၀)အချိန်ထိ ကျောက်ဖြူမြို့၊ (အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း) ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၉၀)ဦးခန့်အားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ဆရာ/ဆရာများနှင့်ကျောင်းသား/ကျောင်းသူ (၂၂၀)ဦးခန့်အား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_feb 2020