Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၄-၂-၂၀၂၀) ရက်နေ့တွင် ချင်တွင်းမြစ်ရေတိုက်းစားမှုကြောင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၆) လုံး ၊ အိမ်ထောင်စု (၆) စု ၊ လူဦးရေ (၂၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ် ၊စုစုပေါင်း ( ၆၅၈၈၀၀/-) ကျပ်တို့အား (၁၄-၂-၂၀၂၀) ရက်နေ့၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ(၁၄:၃၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ကွမ်းအစ်ကုန်းကျေးရွာအုပ်စု၊ ကွမ်းအစ်ကုန်းကျေးရွာ (အောင်ဓမ္မစကြာ ဗိမ္မာန်တော်)၌ ကျောင်းသား/ကျောင်းသူ(၂၀)ဦးနှင့် ကျေးရွာပြည်သူ (၅၀)ဦး စုစုပေါင်း (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့်ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် သံတောင်ကြီးမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗဟိုလမ်းမကြီးဘေးတွင် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #krn_feb2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၃.၂.၂၀၂၀)ရက်နေ့(၁၇း၄၀)အချိန်၌ မြင်းခြံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၆)တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးကူးစက် လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၉)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀၄၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်းး(၁၈)မျိုး၊အိမ်ထောင်စု(၃)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊အိမ်ထောင်စု(၆)စုစာကို(၁၄-၂-၂၀၂၀)ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_feb 2020 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၁၃-၂-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စု၊ မကျည်းခြောက်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ မီးလောင်သေဆုံးသူ လူ(၁)ဦး အတွက်(၃၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး(၁)အိမ်ထောင်စုစာကို (၁၄-၂-၂၀၂၀)နေ့တွင် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mdy_feb 2020
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခန်းကို နေပြည်တော်၊ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် (၁၄-၂-၂၀၂၀) ရက်နေ့ (၀၉: ၀ဝ)အချိန်မှ (၁၁: ၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသူများနှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀ ) ရက်နေ့၊ (၁၄: ၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ (၇၀၀) ဦးခန့်အား မြေငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ygn_feb2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီမှ (၁၃:၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူလူထု (၁၅၀) ဦးခန့် အား ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_feb2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ဘီးလင်းမြို့၊ ရွှေလှေကျေးရွာ၊ အ.ထ.က ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_feb2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်ဆိမ့် ကိုင်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကိုင်းကျေးရွာ၌ ကျေးရွာပြည်သူ (၁၂၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် စေသည့် ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_feb2020









