လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခန်းကို နေပြည်တော်၊ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် (၁၄-၂-၂၀၂၀) ရက်နေ့ (၀၉: ၀ဝ)အချိန်မှ (၁၁: ၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသူများနှင့် လူနာစောင့်များ၊ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#npw_feb2020