သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီမှ (၁၃:၃၀) နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူလူထု (၁၅၀) ဦးခန့် အား ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_feb2020

Sign Up

Upcoming Events