လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၁၃-၂-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စု၊ မကျည်းခြောက်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ မီးလောင်သေဆုံးသူ လူ(၁)ဦး အတွက်(၃၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး(၁)အိမ်ထောင်စုစာကို (၁၄-၂-၂၀၂၀)နေ့တွင် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mdy_feb 2020