Category Archives: News
-
မီးဘေးအန္တရာယ်အသိပေးဆိုင်းဘုတ် အားသွားရောက်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀)ရက်နေ့တွင် ဘားအံမြို့၊ ဇာသပြင်ကျေးရွာအုပ်စု၊ ကျားကလေးလမ်းဆုံ၌ မီးဘေးအန္တရာယ်အသိပေးဆိုင်းဘုတ် အားသွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #krn_feb2020
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၁၁-၂-၂၀၂၀)ရက်နေ့မှ (၁၇-၂-၂၀၂၀) ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး) စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။
-
မြောင်းနံရံ(၄၀၀ပေ)အားအမြင့်(၄)ပေကျောက်စီကာရံပြုလုပ်ရန်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ကလေးမြို့၊ မြို့သာရပ်ကွက်၊ နယ်မြေ(၅)အဖွဲ့စက်အတွင်းမှ ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေမြောင်းသည် မိုးရာသီကာလတွင် မိုးသည်းထန်စွာ ရွာသွန်းပါက ရေလျှံ၍ ရပ်ကွက်သူ၊ရပ်ကွက်သားများ သွားလာနေထိုင်မှုခက်ခဲလေ့ရှိသဖြင့် မြောင်းနံရံ(၄၀၀ပေ)အားအမြင့်(၄)ပေ ကျောက်စီကာရံပြုလုပ်ရန် အတွက် ကလေးခရိုင်ဦးစီးမှူးရုံး၏ ငါး၊ထောက်ပံ့ငွေ (ပြည်တွင်း) ငွေစာရင်းခေါင်းစဉ်မှ ကျောက်၊ သဲ၊ ဘိလပ်မြေဝယ်ယူရန်ထောက်ပံ့ငွေ(၂၃၄၂၄၀၀/-)ကျပ်ဖြင့် ပစ္စည်းများဝယ်ယူ၍ ရပ်ကွက်သူရပ်ကွက်သားများ လုပ်အားစိုက်ထုတ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို (၁၈-၂-၂၀၂၀)ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_feb 2020 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ (၁၇.၂.၂၀၂၀)ရက်နေ့ (၀၉း၀၀)နာရီအချိန် ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။ အဆိုပါသင်တန်းအား (၁၇.၂.၂၀၂၀) မှ (၂၂.၂.၂၀၂၀) ထိ ဖွင့်လှစ်မည်ဖြစ်ပြီး အခြားဌာနဆိုင်ရာမှ ဝန်ထမ်း(၂၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး(၁၅)ဦး၊ လူမှုအဖွဲ့အစည်း (cso)မှ (၁၀)ဦး၊ စုစုပေါင်း(၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၁၃-၂- ၂၀၂၀) နေ့တွင် မြန်အောင်မြို့နယ်၊ ထိန်သေးကြီးအုပ်စု၊ ထိန်သေးလေးကျေးရွာ၌ ဖြစ်ပွါးသော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော အိမ်ခြေ (သစ်- ၁လုံး)၊အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာတို့အား (၁၈- ၂- ၂၀၂၀)ရက်နေ့ (၁၀:၃၀) နာရီအချိန် တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကျင်းပမှုသတင်း
ဖေဖော်ဝါရီ ၁၇ ၊ နေပြည်တော် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားလာသည့်ကာလကြီးတွင် တစ်နိုင်ငံတည်း သီးသန့်နေထိုင်ဖို့ ပိုမိုခက်ခဲ လာသလို လုံခြုံမှုနှင့်လည်းပိုမိုဝေးကွာလာစေပါကြောင်း၊မိမိတို့နိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့်ဆက်စပ်သည့် အမျိုးသမီးများအား … Read more
-
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ သတ္တမအကြိမ် အစည်းအဝေးကျင်းပမှုသတင်း
ဖေဖော်ဝါရီလ ၁၇ ၊ နေပြည်တော် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ … Read more
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၀) ရက်နေ့ (၁၃:၂၅) နာရီအချိန်တွင် မီးဘေးဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်စု၊ ကိုင်းမကျေးရွာရှိ လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်လူဉီးရေ(၅)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၁၇-၂-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_feb2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ ကျားတန်းကျေးရွာတွင် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၈)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးလောင်ပျက်စီးအိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-) ကျပ်၊ လူဦးရေ(၈)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၈၀ဝိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၂၁၆၈၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၂)စုံအား ကျားတန်းကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၇-၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၇:၀၀) နာရီချိန်တွင် ဘေးသင့်ပြည်သူများထံသို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၇-၂-၂၀၂၀)ရက်နေ့၊(၁၀:၃၀)နာရီ အချိန်၌မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာတွင် ရွာသူ/သား (၄၀) ဦးခန့်အား လည်းကောင်း၊ (၁၇-၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ မိုးကောင်းမြို့၊ နန့်ခွင်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ/သား(၂၀၀)ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_feb2020









