မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၁၃-၂- ၂၀၂၀) နေ့တွင် မြန်အောင်မြို့နယ်၊ ထိန်သေးကြီးအုပ်စု၊ ထိန်သေးလေးကျေးရွာ၌ ဖြစ်ပွါးသော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော အိမ်ခြေ (သစ်- ၁လုံး)၊အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာတို့အား (၁၈- ၂- ၂၀၂၀)ရက်နေ့ (၁၀:၃၀) နာရီအချိန် တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_feb 2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events