လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ကလေးမြို့၊ မြို့သာရပ်ကွက်၊ နယ်မြေ(၅)အဖွဲ့စက်အတွင်းမှ ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေမြောင်းသည် မိုးရာသီကာလတွင် မိုးသည်းထန်စွာ ရွာသွန်းပါက ရေလျှံ၍ ရပ်ကွက်သူ၊ရပ်ကွက်သားများ သွားလာနေထိုင်မှုခက်ခဲလေ့ရှိသဖြင့် မြောင်းနံရံ(၄၀၀ပေ)အားအမြင့်(၄)ပေ ကျောက်စီကာရံပြုလုပ်ရန် အတွက် ကလေးခရိုင်ဦးစီးမှူးရုံး၏ ငါး၊ထောက်ပံ့ငွေ (ပြည်တွင်း) ငွေစာရင်းခေါင်းစဉ်မှ ကျောက်၊ သဲ၊ ဘိလပ်မြေဝယ်ယူရန်ထောက်ပံ့ငွေ(၂၃၄၂၄၀၀/-)ကျပ်ဖြင့် ပစ္စည်းများဝယ်ယူ၍ ရပ်ကွက်သူရပ်ကွက်သားများ လုပ်အားစိုက်ထုတ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို (၁၈-၂-၂၀၂၀)ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#sgg_feb 2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)