Category Archives: News
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၂၅-၂-၂၀၂၀)ရက်နေ့ (၁၆း၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျေးရွာ(၃)ရွာမှ အမိုးလန်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၅၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၇၁၀၀ိ/-)/စုစုပေါင်းထောက်ပံ့ငွေ(၃၃၂၁၀ဝိ)တို့အား (၂၆-၂-၂၀၂၀)ရက်နေ့(၁၃း၄၅)အချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_feb2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လက်သမားရပ်ကွက်၊ ဦးအောင်လှလမ်းတွင် (၂၄.၂..၂၀၂၀) ရက်နေ့ မီးဘေးသင့်လောင်ကျွမ်း အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၀၅၀ဝိ/-)စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၁၀၅၀ဝိ/-)နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂၆-၂-၂၀၂၀) ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_feb2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အ.ထ.က(၂) ၌ (၂၆-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်အထိ ကျေးရွာသူ/သား (၄၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb_2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၀၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စု၊ တာ၀ကျေးရွာရှိ ရပ်ရွာပြည်သူ (၆၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_feb 2020
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၁၉-၂-၂၀၂၀)ရက်နေ့မှ (၂၅-၂-၂၀၂၀)ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ရန်ကုန်(ကမ္ဘာအေး)စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအားဖွင့် လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့ ဟဲဟိုးမြို့ ရပ်ကွက် (၅) ခန်းမ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ကလောမြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ သင်တန်းသား/သူ (၅၀) ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #shn_feb2020 #ar
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိ သူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ဘုံတလာခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကို (၂၅-၂-၂၀၂၀)ရက်နေ့ မှ(၂၇.၂.၂၀၂၀)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ရာ (၂၅-၂-၂၀၂၀)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် သင်တန်းသား/သူ(၃၀)ဦးတို့ဖြင့် သင်တန်းဖွင့်လှစ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_feb 2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြောင်းရွှေ့အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အနောက်ဆယ်လံကျေးရွာတွင် ပြောင်းရွှေ့အိမ်ခြေ(၄၆)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအတွက် (၁ဝဝ,ဝဝဝ/-) ကျပ်နှုန်း ဖြင့် ပြောင်းရွှေ့စရိတ်စုစုပေါင်း ထောက်ပံ့ငွေ (၄,၇၀၀,၀၀၀/-) ကျပ်အား ပခုက္ကူမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အုပ်စုအုပ်ချုပ်ရေးမှူး၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_feb2020
-
လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများ သည် (၂၅-၂-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ရန် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆောင်ရွက်မည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ INGO၊ NGO၊ CSOနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb 2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖျန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု စုစုပေါင်း (၆၀) ဦးခန့်အား သဘာဝဘေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲများတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး အကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း … Read more









