လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လက်သမားရပ်ကွက်၊ ဦးအောင်လှလမ်းတွင်
(၂၄.၂..၂၀၂၀) ရက်နေ့ မီးဘေးသင့်လောင်ကျွမ်း အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၀၅၀ဝိ/-)စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၁၀၅၀ဝိ/-)နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် (၂၆-၂-၂၀၂၀) ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_feb2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)