လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၀၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စု၊ တာ၀ကျေးရွာရှိ ရပ်ရွာပြည်သူ (၆၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_feb 2020