ပြောင်းရွှေ့အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း

25_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အနောက်ဆယ်လံကျေးရွာတွင် ပြောင်းရွှေ့အိမ်ခြေ(၄၆)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအတွက် (၁ဝဝ,ဝဝဝ/-) ကျပ်နှုန်း ဖြင့် ပြောင်းရွှေ့စရိတ်စုစုပေါင်း ထောက်ပံ့ငွေ (၄,၇၀၀,၀၀၀/-) ကျပ်အား ပခုက္ကူမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အုပ်စုအုပ်ချုပ်ရေးမှူး၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#otr
#mgy_feb2020

Sign Up

Upcoming Events