Category Archives: News
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၃၀) အချိန်ထိ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ သဲတန်းကျေးရွာအုပ်စု၊ သဲတန်းကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ကျေးရွာသဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ကျေးရွာသူ/သား စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_fir #rke_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၇-၂-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ မော်လမြိုင်မြို့နယ်၊ မုရောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာသူ/ကျေးရွာသား (၅၀) ဦးခန့်ကို သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအားဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb 2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ မြေနီလိန်ကျေးရွာ၌ (၂၅-၂-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ(၇)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၇၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၇-၂-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ် အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_feb2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက် နေ့ နံနက်(၁၀:၁၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ နယ်မြေ(၃)ရပ်၊ မြန်မာ့သစ်လုပ်ငန်း၊ ဝန်ထမ်းလိုင်းခန်းအတွင်း၌ မီးဘေးဖြစ်ပွားမှုကြောင့် မီးဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာတို့အား (၂၇-၂-၂၀၂၀) ရက်နေ့ (၁၁:၄၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_feb2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၌ ကျောက်မဲမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၁၁)၊ ရွှေညောင်ပင်လမ်းတွင် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄,၂၀၀/-)ကျပ်အား (၂၆-၂-၂၀၂၀)ရက်နေ့(၁၄:၀၀)အချိန်တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_feb2020 Source: ကျောက်မဲခရိုင်ဦးစီမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀)ရက်နေ့ ၊ (၁၀:၄၅)အချိန်၌ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါ(၂)လမ်းတွင် သွပ်မိုး၊ အုတ်ညှပ် နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးအိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်အား (၂၇-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #krn_feb 2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့၊ နန်းတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ(၁၀၀)ဦးခန့်အား (၂၇-၂-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_feb2020 Source: ပဲခူးတိုင်းဒေသကြီဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးများနှင့်ပတ်သက်၍ ပြည်သူလူထုများသိရှိလိုက်နာဆောင်ရွက်ရန်အတွက် တွံတေးမြို့နယ်၊ ကန်ဘဲ့ကျေးရွာ လမ်းဆုံနေရာတွင် မုန်တိုင်းအန္တရာယ် အသိပညာပေး ဗီနိုင်း မြေစိုက်ဆိုင်းဘုတ်အား (၂၇.၂.၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီချိန်တွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီမှ(၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ၊ လူထုနားနေဆောင်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_feb 2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီမှ(၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွေ့၀မ်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ(DAN)Applicationဖြန့်ဝေခြင်းနှင့်အသုံးပြုခြင်းဆိုင်ရာဆွေးနွေးမှုများကိုကျင်းပပြုလုပ်ခဲ့ရာပြည်သူလူထုအင်အား(၈၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb 2020









