မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

27_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၃၀) အချိန်ထိ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ သဲတန်းကျေးရွာအုပ်စု၊ သဲတန်းကျေးရွာတွင်  မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ကျေးရွာသဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ကျေးရွာသူ/သား စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#simex_fir

#rke_feb2020

 

Sign Up

Upcoming Events