လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀)ရက်နေ့ ၊ (၁၀:၄၅)အချိန်၌ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါ(၂)လမ်းတွင် သွပ်မိုး၊ အုတ်ညှပ် နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးအိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်အား (၂၇-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_feb 2020