လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၂-၂၀၂၀) ရက်နေ့၌ ကျောက်မဲမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၁၁)၊ ရွှေညောင်ပင်လမ်းတွင် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄,၂၀၀/-)ကျပ်အား (၂၆-၂-၂၀၂၀)ရက်နေ့(၁၄:၀၀)အချိန်တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_feb2020
Source: ကျောက်မဲခရိုင်ဦးစီမှူးရုံး (ဘစမ)