Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၅:၃၀)မှ စတင်ပြီး မကွေးမြို့ပေါ်ရပ်ကွက်နှင့် မကွေးမြို့အနီးရှိ ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_mar2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀)နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ပန်းကုန်းကျေးရွာအုပ်စု၊ ကော့ပတိုင်ကျေးရွာအတွင်းရှိ ပြည်သူလူထုအားလည်းကောင်း၊ ဘားအံမြို့အတွင်းရှိ နတ်ကုန်းကျေးရွာရှိ ပြည်သူများအားလည်းကောင်း COVID-19နှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_mar2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
Covid-ကာကွယ်တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များ လှည့်လည် ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၃-၂၀၂၀)ရက်နေ့တွင် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များမှရပ်ကွက်၊ ကျေးရွာများသို့လှည့်လည်၍အသက် ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID 19 ကာကွယ်တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက်အသိပညာပေးမှုအားအသံချဲ့စက် ဖြင့်လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟိုပုံးမြို့ပေါ်ရပ်ကွက်များနှင့်နမ့်ခုတ်ကျေးရွာ တောင်ကြီးမြို့နယ်၊ မဲတဲကျေးရွာနှင့် ပင်ငိုကျေးရွာများတွင်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #shn_mar2020 Source: ရှမ်းပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံး တို့ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အမှတ်(၁) (၂) (၄) (၅) ရပ်ကွက်များတွင် မေယ်တော်ယာဉ်ဖြင့်၄င်း၊ အမှတ်(၃) ရပ်ကွက်အတွင်း ဆိုက္ကားဖြင့် အသံချဲ့စက်များ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များ၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊ အမှုထမ်းများမှ ဖတ်ကြားခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်းရှိသူများသည် ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သံပုရားကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ၌ (၂၇-၃-၂၀၂၀) ရက်နေ့ (၀၉:၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၇၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၄,၇၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၂) စုစာ တို့အား … Read more
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်းရှိသူများသည် (၂၆-၃-၂၀၂၀) နေ့ ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ်(၁) ရပ်ကွက်နေ ဦးဘူဒါး(၆၀)နှစ် အရောင်းအဝယ်၏ တိုက်တစ်ထပ်နေအိမ်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၎င်းနေအိမ်မှတဆင့် နံဘေးရှိ ဦးနူဒင်၏နေအိမ်သို့ ကူးဆက်လောင်းကျွမ်းခဲ့ပါကြောင်း နှင့် မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၂) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၄၀၀,၀၀၀) ကျပ်၊ အမိုးဖျက်အိမ် (၂) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူ … Read more
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့၌ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစကြိုမြို့နယ်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ Cso အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းအား Facility Quarantine Centre အဖြစ်ထားရှိ၍ Covid_19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများသည် Corona Virus (Covid_19) ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် သင်တန်းကျောင်းရှိ အိပ်ဆောင် များ၌ Facility Quarantine Centre အဖြစ် ဟင်္သာတမြို့နယ်အတွင်းမှ လာရောက် နေထိုင်သော သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သူများ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော “Hotel နှင့် Facility Quarantine Centre များတွင် နေထိုင်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ”၊ “2019_nCov လတ်တလော … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၇-၃-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ မကျွန်းမော်ကျေးရွာ၌ သောက်သုံးရေ ဂါလံ (၂၈၀၀) ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #tny_mar2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်သောအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများလက်ခံ ပို့ဆောင်ပေးလျက်ရှိသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးတံတားအမှတ် (၂) တွင် Corona virus Covid -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုအား ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_mar2020









