ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၃-၂၀၂၀)ရက်နေ့တွင် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များမှရပ်ကွက်၊ ကျေးရွာများသို့လှည့်လည်၍အသက် ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID 19 ကာကွယ်တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက်အသိပညာပေးမှုအားအသံချဲ့စက် ဖြင့်လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟိုပုံးမြို့ပေါ်ရပ်ကွက်များနှင့်နမ့်ခုတ်ကျေးရွာ တောင်ကြီးမြို့နယ်၊ မဲတဲကျေးရွာနှင့် ပင်ငိုကျေးရွာများတွင်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။