လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံး တို့ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အမှတ်(၁) (၂) (၄) (၅) ရပ်ကွက်များတွင် မေယ်တော်ယာဉ်ဖြင့်၄င်း၊ အမှတ်(၃) ရပ်ကွက်အတွင်း ဆိုက္ကားဖြင့် အသံချဲ့စက်များ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များ၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊ အမှုထမ်းများမှ ဖတ်ကြားခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။