သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းအား Facility Quarantine Centre အဖြစ်ထားရှိ၍ Covid_19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း

 

27_Pic_0127_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများသည် Corona Virus (Covid_19) ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် သင်တန်းကျောင်းရှိ အိပ်ဆောင် များ၌ Facility Quarantine Centre အဖြစ် ဟင်္သာတမြို့နယ်အတွင်းမှ လာရောက် နေထိုင်‌သော သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သူများ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော “Hotel နှင့် Facility Quarantine Centre များတွင် နေထိုင်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ”၊ “2019_nCov လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ ခွင့်သွားစဉ်/ အိမ်တွင် နေထိုင်စဉ် လိုက်နာရမည့် အချက် များ”၊ “Covid_19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ” စသည်တို့ကို ကြေညာပေးခြင်း၊ လက်ကမ်းစာစောင်များကို ကွပ်ကဲရေးရုံး တာဝန်ရှိသူများမှတစ်ဆင့် ဝေငှခြင်း စသည်တို့ကို (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ လူဉီးရေ (၅၆)ဦးအထိ Facility Quarantine ရယူနေထိုင် လျက်ရှိကြောင်း သိရှိရပါသည်။
#ar
#ayy_mar2020
 
 
Source: DMTC

 

Sign Up

Upcoming Events