Category Archives: News
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့၊(၁၆:၀၀)နာရီမှ (၁၉:၀၀)နာရီအထိ ဂန့်ဂေါမြို့ပေါ်ရှိ မြို့မရပ်ကွက်၊ ကျောတိုက်ရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ မြောက်ကုန်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့နှင့်ပူးပေါင်း၍ အသိပေးဟောပြောလျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mgy _mar2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ နှင့်အတူ (၂၉-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ ရပ်ကွက် နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020
-
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေတောင်မြို့ပေါ်ရပ်ကွက်များဖြစ်သော သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်များတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများအား ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။ #ar #bgo_mar2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့်အတူ (၂၉-၃-၂၀၂၀)ရက်နေ့၌ (၁၂:၃၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက် နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့(၀၈:၃၀)မှ စတင်ပြီး ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအုပ်စု၊ လယ်ကျိုးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မကြီးစမ်း ကျေးရွာတို့တွင် သုံးဘီးဆိုင်ကယ်ဖြင့်အသံချဲ့စက်များတင်ဆောင်ကာ COVID -19 ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_mar2020
-
COVID 19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့၊ (၁၉:၀၀)နာရီမှ(၂၁:၀၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ အာသံကျေးရွာ၊ လယ်ကြီးကျေးရွာ၊ မန်ဖွယ်ကျေးရွာ၊ မန်ကျည်းပင်ကျေးရွာ၊ သဲနီကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် အုန်းကြောကျေးရွာ(ရွာဟောင်း)တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ၎င်းကျေးရွာများသည် ရှမ်းတိုင်းရင်းသားကျေးရွာများဖြစ်သည့်အတွက် ရှမ်းဘာသာစကားဖြင့် ပန်ကြားနှိုးဆော်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_mar2020
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ မော်လမြိုင်မြို့နယ်ရှိ တောင်ဝိုင်းရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ကျိုက်မရော မြို့နယ်ရှိ ရေတွင်းကုန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာများသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်မျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_mar2020
-
ပေါက်မြို့ အဝင်/အထွက်ယာဉ်လိုင်းများအား COVID 19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှ (၁၆:၀၀) နာရီအချိန်အထိ ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင်ပေါက် ပခုက္ကူ လမ်းမကြီးတွင် ပေါက်မြို့ အတွင်းသို့ အဝင်/အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေး ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်မေတ္တာလေညှင်းလူမှုကူညီရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး (၂၈-၃-၂၀၂၀)ရက်နေ့ (၁၈:၀၀)အချိန်၌ မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ အရှေ့စုရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် ရွာသစ်ကုန်းရပ်ကွက်တို့တွင် လှည့်လည်ပြီး COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_mar2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မကွေးမြို့နယ်၊အောင်စေတနာ(က၊ခ၊ဂ)ရပ်ကွက်(၃)ခုနှင့် ဆည်မြောင်းစျေးသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီး ဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_mar2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









