COVID 19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့၊ (၁၉:၀၀)နာရီမှ(၂၁:၀၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ အာသံကျေးရွာ၊ လယ်ကြီးကျေးရွာ၊ မန်ဖွယ်ကျေးရွာ၊ မန်ကျည်းပင်ကျေးရွာ၊ သဲနီကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် အုန်းကြောကျေးရွာ(ရွာဟောင်း)တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ၎င်းကျေးရွာများသည် ရှမ်းတိုင်းရင်းသားကျေးရွာများဖြစ်သည့်အတွက် ရှမ်းဘာသာစကားဖြင့် ပန်ကြားနှိုးဆော်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_mar2020

Sign Up

Upcoming Events