
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ မော်လမြိုင်မြို့နယ်ရှိ တောင်ဝိုင်းရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ကျိုက်မရော မြို့နယ်ရှိ ရေတွင်းကုန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာများသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်မျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mon_mar2020