လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့၊(၁၆:၀၀)နာရီမှ (၁၉:၀၀)နာရီအထိ ဂန့်ဂေါမြို့ပေါ်ရှိ မြို့မရပ်ကွက်၊ ကျောတိုက်ရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ မြောက်ကုန်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့နှင့်ပူးပေါင်း၍ အသိပေးဟောပြောလျက်ရှိကြောင်း သတင်းရရှိပါသည်။
#ar
#mgy _mar2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)