Category Archives: News
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မင်းတပ်မြို့ပေါ်ရှိ အနောက်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်၊ စံပြရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပြီး ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #chn_mar2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ဗန်းမော်မြို့နယ်၊ ရွှေကျီးနားကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ပါပုံး (၁) ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီး အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်တန်ဖိုးငွေ(၁၀၀,၀၀၀/-) ကျပ် ၊လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၆၃၀၀ိ/-) ကျပ် ၊စုစုပေါင်းတန်ဖိုးငွေ (၁၀၆၃၀၀ိ/-) … Read more
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) အချိန်မှ (၁၇:၃၀) နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်နှင့် ဇီးဖြူကုန်းရပ်ကွက်များတွင် Covid 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_mar2020
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့တွင် မင်းတပ်မြို့ပေါ်ရှိ အနောက်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်၊ အရှေ့ပြငရပ်ကွက်များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #chn_mar2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာတွင် လည်းကောင်း၊ (၁၂:၀၀)နာရီအချိန်၌ မလော့ကျောင်းစု ကျေးရွာတွင် လည်းကောင်း၊ (၁၂:၃၀)နာရီအချိန်၌ မလော့အောက်စုကျေးရွာတွင် လည်းကောင်း၊ (၁၃:၀၀)နာရီအချိန်၌ မလော့အလယ်စုကျေးရွာတွင် လည်းကောင်း၊ (၁၄:၀၀)နာရီအချိန်၌ မရမ်းကွဲကျေးရွာတို့၌ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ကျေးရွာရှိအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့ နံနက် (၀၉၃၀) အချိန်မှ (၁၄၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင် ပေါက် – ပခုက္ကူ လမ်းမကြီးတွင် ပေါက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒု စံပြကျေးရွာအတွင်းရှိ ရပ်ကွက်/ ကျေးရွာ(၁၆)ခုနှင့် သာမညကျေးရွာအုပ်စုရှိ ရပ်ကွက်/ကေျးရွာ (၁၇)ခုတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို ရပ်ကွက်/ကေျးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #kyn_mar2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) နေ့တွင် ညောင်ကိုင်း ကျေးရွာ၊ ထုံးမန်းကျေးရွာ၊ လင်းလုကျေးရွာနှင့် အနောက်ကူလဲကျေးရွာတို့တွင် Covid-19 ကြိုတင် ကာကွယ်ရေး အသိပညာပေး ကြော်ငြာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Covid-19 ရောဂါ ကူးစက်မှုကာကွယ်ရေး စာစောင်များအား အများပြည်သူ မြင်သာသောနေရာများတွင် ကပ်ပေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_mar2020
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်၊ အမှတ်၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နှင့် ကျေးတောင်ဦးကျေးရွာ၊ တောင်ယာတောကျေးရွာ၊ ကံကျေးရွာ၊ ပျဉ်းပင်မော်ကျေးရွာတို့တွက် Covid-19ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_mar2020









