လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာတွင် လည်းကောင်း၊ (၁၂:၀၀)နာရီအချိန်၌ မလော့ကျောင်းစု ကျေးရွာတွင် လည်းကောင်း၊ (၁၂:၃၀)နာရီအချိန်၌ မလော့အောက်စုကျေးရွာတွင် လည်းကောင်း၊ (၁၃:၀၀)နာရီအချိန်၌ မလော့အလယ်စုကျေးရွာတွင် လည်းကောင်း၊ (၁၄:၀၀)နာရီအချိန်၌ မရမ်းကွဲကျေးရွာတို့၌ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ကျေးရွာရှိအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_mar2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)