လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) နေ့တွင် ညောင်ကိုင်း ကျေးရွာ၊ ထုံးမန်းကျေးရွာ၊ လင်းလုကျေးရွာနှင့် အနောက်ကူလဲကျေးရွာတို့တွင် Covid-19 ကြိုတင် ကာကွယ်ရေး အသိပညာပေး ကြော်ငြာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Covid-19 ရောဂါ ကူးစက်မှုကာကွယ်ရေး စာစောင်များအား အများပြည်သူ မြင်သာသောနေရာများတွင် ကပ်ပေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_mar2020