လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မင်းတပ်မြို့ပေါ်ရှိ အနောက်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်၊ စံပြရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပြီး ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိိပါသည်။
#ar
#chn_mar2020
Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)