Author Archives: Thandar Aung
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ကြိမ်ချောင်းကြီး) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းတက်ရောက်ဦးရေ (၂၅၀) ဦးခန့်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့တွင် အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ခိုလှုံရာစခန်းအဖြစ် အသုံးပြုနိုင်ရန်နှင့် သာမန်အချိန်များတွင် စာသင်ကျောင်းအဖြစ် အသုံးပြုနိုင်ရန် School Cum Shelter (၁)လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀% ပြီးစီးပြီဖြစ်ပါသဖြင့် တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ယင်း School Cum Shelter … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
================================================ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာအလယ်တန်းကျောင်း၌ ပြုလုပ်သော သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သား၊ ကျောင်းသူ/သား စုစုပေါင်း (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခြင်း
================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကလောမြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား (၅၀) ဦးဖြင့် (၂) ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း
================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ပင်းတယမြို့နယ် အထက (ကြိုသက်) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ (၄၀၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုအခြေအနေများနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း နှင့် လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း … Read more
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခြင်း
================================================ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ အမှတ်(၃) အ.ထ.က စာသင်ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၃၃၀) ဦးတို့အား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ( ၂၈-၁၁-၂၀၁၈ ) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်မှ နေ့လည်(၁၁:၃၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ကျောင်းအတွက် ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီရန်ရောက်ရှိ
================================================== နိုဝင်ဘာ ၂၇၊ နေပြည်တော်——————– စင်္ကာပူနိုင်ငံ၌ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre မှ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ် ဆောင်ရွက်ပေးရန်နှင့် ပြန်လည်လက်ခံ ပေါင်းစည်းရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် ဒေါက်တာ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ လာရောက်တွေ့ဆုံ
================================================== နိုဝင်ဘာ ၂၇၊ နေပြည်တော်—————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet E. Jackson ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲပြီးဖြစ်ရာ မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး လာရောက်တွေ့ဆုံ
================================================== နိုဝင်ဘာ ၂၆၊ နေပြည်တော်————— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံမတ်ကြီး H.E, Mr. Ichiro Maruyama က ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံဘက်မှ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဂျပန်နိုင်ငံအစိုးရမှ ဆက်လက်ပါဝင် ကူညီဆောင်ရွက်နိုင်မည့်ကိစ္စနှင့် စပ်လျဉ်း၍ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇန၏ ဥတုဇရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဒါန်းမှုများပြုလုပ်
=================================================== ၂၅ နိုဝင်ဘာ၊ ဘားအံ ———————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်သို့ရောက်ရှိခဲ့ပြီး (၃၀.၁၀. ၂၀၁၈) ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော သက်တော်(၇၁)နှစ်၊ ဝါတော်(၅၂)ဝါရှိ မြိုင်ကြီးငူဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇန၏ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပါသည်။ မြိုင်ကြီးငူဆရာတော်ဘုရာကြီးသည် သာသနာ့အရေးနှင့်ငြိမ်းချမ်းရေးအတွက် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်အစပြု၍ နိုင်ငံတော်နှင့်ကရင်ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်းတာဝန်များကို ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ယခုအခါ အပူဇော်ခံထားရှိသော ဆရာတော်၏ရုပ်ကလာပ်ကို အများ ပြည်သူများဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်တွင် … Read more
