
================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ အမှတ်(၃) အ.ထ.က စာသင်ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၃၃၀) ဦးတို့အား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ( ၂၈-၁၁-၂၀၁၈ ) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်မှ နေ့လည်(၁၁:၃၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ကျောင်းအတွက် ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။