ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇန၏ ဥတုဇရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဒါန်းမှုများပြုလုပ်

25 Pic 03
===================================================
၂၅ နိုဝင်ဘာ၊ ဘားအံ ———————–

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်သို့ရောက်ရှိခဲ့ပြီး (၃၀.၁၀. ၂၀၁၈) ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော သက်တော်(၇၁)နှစ်၊ ဝါတော်(၅၂)ဝါရှိ မြိုင်ကြီးငူဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇန၏ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပါသည်။

မြိုင်ကြီးငူဆရာတော်ဘုရာကြီးသည် သာသနာ့အရေးနှင့်ငြိမ်းချမ်းရေးအတွက် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်အစပြု၍ နိုင်ငံတော်နှင့်ကရင်ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်းတာဝန်များကို ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ယခုအခါ အပူဇော်ခံထားရှိသော ဆရာတော်၏ရုပ်ကလာပ်ကို အများ ပြည်သူများဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်တွင် ယာယီစံကျောင်း တော်ဖြင့် အပူဇော်ခံရန်ပြင်ဆင်ထားရှိပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်ခြင်း၊ ဝန်ကြီးဌာနကလှူဒါန်းငွေကျပ် (သိန်းသုံးဆယ်ခုနှစ်သောင်းငါးထောင်) နှင့် ဆရာတော်၏ ထေရုပတ္တိအကျဉ်းနှင့် သာသနာ့အရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုပမ်းစွမ်းဆောင်မှု မှတ်တမ်းစာအုပ် (၅၀၀)အုပ်တို့ကို ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်။

ဆရာတော်၏ အန္တိမ ဈာပနကို မြိုင်ကြီးငူ၊ စုံနံ့သာမြိုင်ဆွေမြို့တော်၌ (၂၇.၁၁.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events