Author Archives: Thandar Aung

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာ၌  (၂-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်   ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀၀ိ/-) နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၅-၂-၂၀၁၉)ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဟိုဝမ်ကျေးရွာရှိ ရပ်ရွာပြည်သူ (၁၅၀) ဦးအားလည်းကောင်း၊ (၄-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆိုဖျကျေးရွာရှိ ရပ်ရွာပြည်သူ (၉၀) ဦးအားလည်းကောင်း၊ သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများထံ လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇလွန်မြို့နယ်အတွင်းရှိ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ သရက်နှစ်ပင်ကျေးရွာ၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၅၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၄၂၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ ပလတ်စတစ်ဖျာ(care myanmar)တစ်ချပ်ကို (၅-၂-၂၀၁၉)     ရက်နေ့တွင် ဇလွန်မြို့နယ်၊ သရက်နှစ်ပင်ကျေးရွာသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် … Read more

  • ဆိုလာမီးအိမ်များ ထောက်ပံ့ခြင်း

    ================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၈) ရက်နေ့ ပြည်ထောင်စုဝန်ကြီးခရီးစဉ်တွင် တင်ပြတောင်းခံထားသော  ဆိုလာမီးအိမ်များအား ရေဟောဝါယိရေလူမှုရေးဖွံဖြိုးမှုအသင်းနှင့် ပညာရေးမြှင့်တင်မှုနှင့် လူမှုရေးပရဟိတအဖွဲ့တို့ထံ (၅-၂-၂၀၁၉) ရက်နေ့တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) တက်ရောက်

    ================================================= နေပြည်တော်၊ ဖေဖော်ဝါရီလ ၄ ————————— ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပခဲ့ရာ  ကော်မတီဥက္ကဌ  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် အစိုးရအနေဖြင့် ကလေးသူငယ် များ၏ အခွင့်အရေး (၄)ရပ်ကို ဖေါ်ဆောင်ရန် အမျိုးသားကော်မတီကို ဖွဲ့စည်း၍ မှုဝါဒ၊ မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနက အသစ်ရေးဆွဲ ပေးပို့ထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်တွင် စိစစ်လျက်ရှိပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ပြုပြင်ရေးဆွဲပြီး မကြာမီ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: နမ္မတူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၁၉) ရက်နေ့တွင် နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ်အတွင်းရှိ IDPစခန်း(၅)ခုမှ တိုက်ပွဲရှောင်ပြည်သူ၊ အိမ်ထောင်စု(၁၉၁)စု၊ လူဦးရေ(၉၃၂)ဦးအတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ဆီ၊ဆား၊ကုလားပဲ (၁၄)ရက်စာ၊ တန်ဖိုး(၅၀၂၆၀၂၀ိ/-) အား ကွင်းဆင်းထောက်ပံ့ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • ရွှေ့ပြောင်းအလုပ်သမားများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်အိမ်ရာ၌ ခေတ္တတည်းခိုနေသည့် ရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကျားလုံချည်(၄)ထည်၊ မလုံချည်(၂)ထည်၊ တီရှပ်(၆)ထည်၊ တဘက်(၆)ထည်နှင့် ဆပ်ပြာ(၆)တောင့်တို့အား (၂-၂-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့တွင် (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အ.ထ.က (၂) စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၅၈၀)ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာနှင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် ဘောလ်ပင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသူ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပါဆံကျကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား (၁၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများတွင် ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍လက်တွေ့သရုပ်ပြခြင်း၊ … Read more

Sign Up

Upcoming Events